အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပလျက်ရှိရာ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည်လေ့လာသူထိုင်းနိုင်ငံသားမှ လာရောက်ကြည့်ရှု လေ့လာလျက်ရှိသည်။
Dec 28,2025
ချင်းပြည်နယ် ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီးဒေါ်ဒိမ်ခန့်လွင်နှင့် ပြည်နယ်ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ယနေ့တွင် အေးချမ်းစွာဆန္ဒမဲပေးကြသည်။
Dec 28,2025
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် (၆) နာရီချိန်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ်အတွင်း မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Dec 28,2025
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပ လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် အသီးသီး၌လည်း  မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ နံနက် (၆) နာရီမှ စတင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စုတွင် မဲရုံ ၄၉ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၅၃၅ ဦးရှိရာ ယနေ့ နံနက် ၆ နာရီ မှ စတင်၍ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း‌ တွေ့ရှိရသည်။
Dec 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ခွန်စံလွင်နှင့်ဇနီး၊ မိသားစုဝင်နှင့်အတူ ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်း‌‌ကျောင်း မဲရုံအမှတ်(၃)၌ ပါဝင်ဆန္ဒမဲပေးသည်။
Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၆) နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်တွင် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။