အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက် နေ့ ယနေ့တွင်စတင်ကျင်းပလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြိုနယ်၌ ယနေ့နံနက် (၆)နာရီမှစတင်ကာ မဲရုံအသီးသီး၌မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေး လျက်ရှိကြသည်။
Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် (၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေကြသည်ကို တွေ့ရသည်။ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလောင်းများ စသည့်အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များ စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် (၆) နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲပေးကြသည်။
Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ်တွင် ယနေ့နံနက် (၆) နာရီအချိန်မှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပလျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ယနေ့နံနက်(၆)နာရီအချိန် မဲရုံးများစတင်ဖွင့်လှစ်၍ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည့်။
Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပုသိမ်မြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်သည်။
Dec 28,2025
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁)ကို ယနေ့ဒီဇင်ဘာလ ၂၈ ရက်နေ့  နံနက် (၆) နာရီမှစတင် ကျင်းပလျက်ရှိရာ  ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့်  တောင်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ စနစ်ကျစွာဖြင့်တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ အလားတူ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်များအပါဝင် ရွေးကောက်ပွဲအပိုင်း (၁)တွင် ပါဝင်သည့် မြို့နယ်(၁၂)မြို့နယ်တို့တွင်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။