Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ပဲခူးတိုင်း(အရှေ့ပိုင်း)မှ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမျှော်
May 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း(အရှေ့ပိုင်း)မှ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး ပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ များလိုက်ပါ၍ ယနေ့နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြှော်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူစိုး၊ အဖွဲ့ဝင် (၂) ဦးအေးကြိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ ပန်းတောင်းမြို့မစခန်းမှူး ဒုတိယရဲမှူးမျိုးမင်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ပြည်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူ
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ရာ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေးစစ်ဆေးဆောင်ရွက်
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေး၊ ခွင့်ပြုချက်မဲ့သွယ်တန်းထားသော ဆက်သွယ်ရေးကြိုး၊ ဖိုင်ဘာကြိုး၊ ဝိုင်ဖိုင်ကြိုးများရှင်းလင်းရေး၊ သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ လိုက်နာသွယ်တန်းဆောင်ရွက်ရေးတို့အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မေ ၁၄ ရက်နေ့ နေလယ်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ ဆက်သွယ်ရေးကုမ္ပဏီများမှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ သတ်မှတ်ချက် စည်းမျဥ်း စည်းကမ်းနှင့်အညီ သွယ်တန်းဆောင်ရွက်ရေး၊ ခွင့်ပြုချက်မဲ့ တရားမဝင်ကြိုးများ ရှင်းလင်းဖယ်ရှားရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် လူငယ်ကင်းထောက်လေ့လာရေးခရီးစဥ်များ ဆောင်ရွက်
May 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်ပဲခူးတိုင်း (အနောက်ခြမ်း)မှ လူငယ်ကင်းထောက်မောင်မယ် (၆၀) ဦး ပါဝင်သည့် လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမများလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီက (သီရိရတနာ) မှန်လုံမော်တော်ယာဥ်နှစ်စီးဖြင့် ပြည်မြို့မှ ပဲခူးမြို့သို့ လူငယ်ကင်းထောက်လေ့လာရေးခရီးစဥ် သွားရောက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် အခြေခံပညာစာမေးပွဲအောင်စာရင်း ယနေ့ထုတ်ပြန်
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ပြုလုပ်ခဲ့သည့် အခြေခံပညာ KG မှ Grade-11 အထိ အခြေခံပညာစာမေးပွဲအောင်စာရင်းကို ယမန်နေ့ နံနက်၇ နာရီအချိန်က သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား ကျင်းပ
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်ရှိ တာဆုံမီးပွိင့် ပြည်သူ့ဆေးရုံကြီးရှေ့၊ ပညာရေးမှူးရုံးရှေ့နှင့် ပန်းခြံရှေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ပြည်သူလူထုများ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံ ရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက်ရှောင်ကြဉ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးအခမ်…
May 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူလူထုများ ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1750
Page
1751
Page
1752
Page
1753
Current page
1754
Page
1755
Page
1756
Page
1757
Page
1758
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department