အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၁ အား မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲရုံအသီးသီးများ၌ စတင်၍ မဲပေးနေမှုများကို ယနေ့ နံနက် ၆ နာရီအချိန် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။
Dec 28,2025
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း ၈၈ အုပ်စု၌ လျာထားမဲရုံပေါင်း ၂၁၈ ရုံ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ၁၅၂၂ လုံးဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပရာ နံနက် ၆ နာရီမှစ၍ ဒေသခံတိုင်းရင်းသားပြည်သူများသည် လွတ်လပ်အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။
Dec 28,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာ သတ်မှတ်မဲရုံများတွင် နန္ဒဝန်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်း သာစွာဖြင့် ဆန္ဒမဲပေးနေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများအား သောက်သုံးရေများနှင့် အချိုရေများ ဝေငှပေးနေမှုများအား လည်းကောင်း၊ မုံရွာမြို့၊ ပြည်သူ့ကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမရှိ သတ်မှတ်မဲရုံများတွင် ရုံးကြီးရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည် သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
Dec 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများ၌ ယနေ့နံနက် ၆ နာရီကစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများမှ လုံခြုံအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Dec 28,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှစတင်ကာ ပြည်သူများ ဆန္ဒမဲပေး​လာရောက်ပေးကြကြောင်း သိရသည်။
Dec 28,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဲဆန္ဒနယ် အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီကစတင်ကျင်းပရာ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
Dec 28,2025
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိသည်။