အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) ကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် မိသားစုဝင်များသည် သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများ ပေးခဲ့ကြသည်။  
Dec 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် (ယနေ့) နံနက် ၆ နာရီအချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 28,2025
ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ချောင်းသာမြို့၌ ယနေ့နံနက် (၆)နာရီမှ စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများလာရောက်ပေးကြသည်။ ချောင်းသာမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း(၁၄၀၁၆)ဦးရှိပြီး ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုတွင်  မဲရုံပေါင်း(၉)ရုံ ဖွင့်လှစ်ထားသည်။
Dec 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များ၌ နံနက် ၆ နာရီမှစ၍ သက်ဆိုင်ရာမဲရုံများ၌ ကျင်းပပေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၃၀)တွင် မဲရုံ (၈၄)ရုံ ကျင်းပလျက်ရှိသည်။
Dec 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မဲဆန္ဒရှင် ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှကစတင်၍ လွတ်လပ်စွာ  ဆန္ဒမဲပေး လျက်ရှိသည်။
Dec 28,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
Dec 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား ယနေ့ (တနဂ်နွေနေ့) နံနက် (၆) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်က မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာ မဲရုံများသို့  လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။