ဘားအံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ဘားအံ ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၆) နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်တွင် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြရာတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက စနစ်တကျဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် မဲရုံပေါင်း (၂၁၈) ရုံဖွင့်လှစ်ထားပြီး မဲပေးနိုင်မည့်မဲဆန္ဒရှင်ပြည်သူ (၂၈၇၉၄၇) ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

ခရိုင် (ပြန်/ဆက်)