ဟိုပုံး ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ခွန်စံလွင်နှင့်ဇနီး၊ မိသားစုဝင်နှင့်အတူ ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ်(၃)၌ ပါဝင်ဆန္ဒမဲပေးသည်။
ဟိုပုံးမြို့နယ်၌ မြို့ပေါ်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စုရှိပြီး မဲရုံစုစုပေါင်း(၇၈)ရုံရှိကြောင်းနှင့်မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)