အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2025
ကျောက်တန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ပြီး ကျေးရွာများသို့ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
Dec 29,2025
နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို လှပစွာ ဖွင့်လှစ်နိုင်ရေးနှင့် မိမိတို့တိုင်းပြည်၊ မိမိတို့မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်ကောင်းများရွေးချယ်ခြင်းကို မဲဆန္ဒရှင်အားလုံးက သတ်မှတ်ထားသည့် မဲရုံများသို့ သွားရောက်၍ မိမိတို့၏ ဆင်ခြင်ဉာဏ်ပါသော အဖိုးတန်ဆန္ဒမဲဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ရွေးချယ်တင်မြှောက်လျက်ရှိသည်။
Dec 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့သည် ယမန်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမ)ပိုင်းတွင် ပါဝင်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒမဲပေးရမည့် သက်ဆိုင်ရာမဲရုံများသို့ ပျော်ရွှင်စွာ လာရောက်မဲပေးလျက်ရှိသည်။
Dec 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို သက်ဆိုင်ရာမဲရုံအသီးသီး၌ ယနေ့နံနက် ၆ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Dec 28,2025
ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများ‌အနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Dec 28,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြောင်း သိရသည်။
Dec 28,2025
ကချင်​ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ယနေ့ နံနက် (၆) နာရီချိန်မှစ၍ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ လာ​ရောက်ဆန္ဒမဲပေးခဲ့ကြသည်။
Dec 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိသည်။