ပင်းတယ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စုတွင် မဲရုံ ၄၉ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၅၃၅ ဦးရှိရာ ယနေ့ နံနက် ၆ နာရီ မှ စတင်၍ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။
ထိုသို့ ဆန္ဒမဲလာရောက်ပေးရာတွင် ရှမ်းပြည်နယ်လွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) ပင်းတယမြို့နယ် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ရွေးကောက်တင်မြောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ် ဦးအာကာလင်းနှင့် မိသားစုဝင်များ ဌာနဆိုင်ရာများလည်း ပင်းတယမြို့နယ် ငှက်ပျောတောရပ်ကွက်ရှိ မဲရုံအမှတ် (၁) တွင် လာရောက်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)