လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

လှိုင်းဘွဲ ဇွန် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကွမ်တာကျေးရွာ၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့် အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် အသက် (၁၈) နှစ်အောက် ပြည်သူ (၃၀) ဦး၊ အသက် (၁၈) နှစ်အထက် ပြည်သ (၁၁) ဦး၊ Booster Dose (၃၄) ဦး၊ ပထမအကြိမ် အသက် (၁၈) နှစ် အထက် ပြည်သူ (၂၅) ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ (ပြန် / ဆက်)