တွံတေး ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နေလည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က အမှာစကားပြောကြားပြီး တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဋ္ဌေးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစိမ်းရောင် စီမံကိန်းရရှိသော အဘေစာဖြူစုကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအား ငွေကျပ်သိန်း(၃၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇာနည်မောင်ကပေးအပ်ရာ ကျေးရွာအုပ်စုဥက္ကဋ္ဌနှင့် ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဆန်းအောင်တို့က လက်ခံရယူကြကြောင်း သိရသည်။
ထို့နောက်အဘေစာဖြူစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား