အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့်ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်( GAqP)သင်တန်းတွံတေး၌ ဖွင့်လှစ်

တွံတေး ဇွန် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစွးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦး​မြင့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ ( တွံတေး)ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းသား/သင်တန်းသူများက တစ်ဦးခြင်း မိတ်ဆက်ခဲ့သည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များက ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (တွံတေး) ကျောင်းအတွင်း ငါးသားဖောက်ဖောက်လုပ်ထားမှု၊ ရေချိုသဘာဝငါးမြင်းအား စမ်းသပ်သားဖောက်အောင်မြင်နေမှုအား ကြည့်ရှုလေ့လာရာ ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။

ယခုသင်တန်း (၁/ ၂၀၂၂ ) သင်တန်းသား/ သင်တန်းသူ(၂၀)ဦးကို ဘာသာရပ်(၁၀)မျိုးဖြစ်သည့် မြန်မာနိုင်ငံငါးမွေးမြူရေးသမိုင်းကြောင်းနှင့် ငါးသားဖောက်ခြင်း၊ ငါးသားဖောက် ပြုစုနည်း၊ ငါးအစာနှင့် အာဟာရ၊ ရေအရည်အသွေးထိန်းသိမ်းခြင်း၊ ကန်ပြင်ဆင်ခြင်း၊ ရေသတ္တဝါမွေးမြူရေးနှင့် စားပင်သီးပင်တွဲဖက်မွေးမြူ စိုက်ပျိုးခြင်း၊ ငါးရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ ရေချိုအလှမွေးငါးများ မွေးမြူသားဖောက်ခြင်း၊ ငါးသက်တမ်းနှင့် အထီးအမ ခွဲခြားခြင်း၊ ငါး၏ဘေးထွတ်ပစ္စည်းများမှ လူသုံးကုန်းပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပိုက်ထိုး ပိုက်ဖာခြင်းများကို ဇွန် ၁၃ ရက်နေ့မှ ဇွန် ၁၇ ရက်နေ့အထိ ၅ ရက်ကြာ သင်တန်းနည်းပြဆရာများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင်( တွံတေး)