ကျောက်တန်းမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး ဗီနိုင်းစိုက်ထူပွဲနှင့် ဟောပြောပွဲကျင်းပ

ကျောက်တန်း ဇွန်၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ငါးသယံဇာတထိန်းသိမ်းရေး ဗီနိုင်းစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျောက်တန်းမြို့နယ် ဝဲကြီးစံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးခင်ဝင်းနှင့် ဝန်ထမ်းများ ဝဲကြီးစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက စိုက်ထူပေးခဲ့သည်။ ယင်းနောက် ငါးသယံဇာတ ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ဝဲကြီးကျေးရွာ   ဆယ်မာအူးလ်အွန်ဒန်း ဘက်စုံသုံးခန်းမတွင် ဆက်လက်၍ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)