ဘူးသီးတောင် ဇွန် ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးရွာများ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်( ၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် ငလှမ်းပြင်ကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရံပုံငွေဖြင့် ဆောင်ရွက်မည့်မြေသား ရေကန်အနက်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်မည့်လုပ်ငန်းတို့အား တာဝန်ခံအင်ဂျင်နီယာနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)