ပြင်ဦးလွင်မြို့နယ်အတွင်း အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဖွင့်လှစ်

ပြင်ဦးလွင် ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းတွင် သင်တန်းသားများ စနစ်တကျ သင်ကြားနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို (၁၃-၆-၂၀၂၂ ) ရက်နေ့မှ (၁၂-၇-၂၀၂၂ ) ရက်နေ့အထိ သင်တန်းကာလ (၁) လဖြင့် နံနက် (၉)နာရီမှ ညနေ (၄) နာရီခွဲထိ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာအကြောင်း သိကောင်းစရာများကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာမှ သင်တန်းသား(၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)