ညောင်ဦး ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျက်ရှိသော ကောင်းပင်စီတဲတိုက်နှင့် နန်းတော်ရာတဲတိုက်သို့ ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးတော်ဆောင်များထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း ပင်စီတဲတိုက်အတွက် သောက်သုံးရေ ဂါလံ(၁၆၀၀)နှင့်နန်းတော်ရာတဲတိုက်အတွက် သောက်သုံးရေ ဂါလံ(၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်း ဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသော ကျေးရွာများသို့ သောက်သုံးရေဂါလံ(၂၅၁၂၀၀)ဂါလံ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံမှ သိရသည်။
ကိုကြေးမုံ