အမရပူရမြို့နယ်တွင် အသက်(၅)နှစ် မှ (၁၂) နှစ်အထက်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိ

အမရပူရ   ဇွန်   ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထက် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၉)နာရီ အချိန်က ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ၌ အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာစိုးကိုကိုဇော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဆေးထိုးကြမည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူ စေခြင်းစသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြ သည်။

အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံသည့် ကျောင်းသားကျောင်းသူ လူဦးရေစာရင်းမှာ အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အောက် ကျား(၂၄၅)ဦး၊ မ(၂၃၅)ဦး နှင့် အသက်(၁၂)အထက် ကျား(၁၀၀)ဦး ၊ မ(၇၅)ဦး ထိုးနှံခဲ့ကြောင်း သိရသည်။

စိုးစိုးအေး(ပြန်/ဆက်)