နမ့်ဆန် ဇွန် ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရှမ်းပြည်နယ် ICRC ကိုယ်စားလှယ်ရုံးခွဲတာဝန်ခံ လားရှိုးမြို့မှ Mr.Piotr Dregiel နှင့် အဖွဲ့ဝင်များ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂ )နာရီ အချိန်က တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ICRC ကိုယ်စားလှယ်ရုံးခွဲတာဝန်ခံ Mr.Piotr Dregielက ICRC ၏ လုပ်ငန်းစဉ်များ အကြောင်းနှင့် နမ့်ဆန်မြို့တွင်ရှိသော မိဘပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုဖြစ်ပြီး ဆုံးရှုံးသွားသော ခြေလက်များကို ရှမ်းပြည်နယ် (အရှေ့) ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန တွင် ခြေတုများပြန်လည်ပြုလုပ်မှု အခမဲ့ဝန်ဆောင်ပေးလျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က ICRC လုပ်ငန်းစဉ်အကြောင်း သိခွင့်ရရှိ သည့်အတွက် ပြည်သူများအပေါ်ဝန်ဆောင်ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ကိုလည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်