Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာအုပ်စာစောင်ပြပွဲကျင်းပ
Jun 14,2022
စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို၊ အသိပညာပေးဟောပြောပွဲ နံရံကပ်စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ် အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် (၉)နာရီက အခြေခံပညာကျောင်းများတွင် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်( ၁၂)နှစ်မှ ( ၁၇) နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉:၀၀ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်တွင် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ယမန်နေ့ နံနက် ၅ နာရီအချိန်က သာသနာတော် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာစ် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့အတွက် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့၀င်များ၊ စေတီတော်၀န်ထမ်းများ၊ ဘာသာရေး အသင်းအဖွဲ့များတို့ အပါအ၀င်စုစုပေါင်း အင်အား (၁၂၀)ဦး ခန့်တို့မှ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပါ ဆရာတော် (၁၁) ပါး တို့ အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jun 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ် (၂)ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင်(၁၉) ကြိမ်မြောက် သံဃာအပါး ၁၅၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Jun 14,2022
မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်အတွင်းရှိ ရတနာမာရ်အောင်စေတီတော်တွင် (၁၉) ကြိမ်မြောက်သံဃာအပါး ၁၅၀ အား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲကို ယမန့်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Jun 14,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ သပြေပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်နယုန်လပြည့်နေ့ မဟာသမယနေ့ အခမ်းအနားကျင်းပ
Jun 14,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေခြင်းငှာ သာသနာတော်အကျိုး၊ စေတီတော်အကျိုးတို့ကို ရှေ့ရှုလျက် မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ် အခါတော်နေ့အခမ်းအနားများကို ၁၂လရာသီပတ်လုံး စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ မြတ်ဗုဒ္ဓ၏အဆုံးအမတော်များမှ မဟာသမယဒေသနာတော်ကို ဟောကြားတော်မူခဲ့သည့် နယုန်လပြည့်နေ့တွင် ရှေးရှေးက ဗုဒ္ဓဘာသာ သူတော်ကောင်းကြီးများ ပြုလုပ်ခဲ့ကြသည့် နည်းထုံးများကို နှလုံးမူပြီး ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာများအတိုင်း သာသနာတော်နှစ် ၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၂၂ခုနှစ် ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နယုန်လပြည့်မဟာသမယနေ့ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17484
Page
17485
Page
17486
Page
17487
Current page
17488
Page
17489
Page
17490
Page
17491
Page
17492
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department