ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရှမ်းရွာသစ်  ဇွန် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ် (၂)ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးမှ စာကြည့် တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကိုဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်ပြီးစာ အုပ်စာစောင်များငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာကျောင်းများသို့ သွား ရောက်ပြီး မိုဘိုင်းစနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများဖတ်ရှုနိုင်စေရန် တိုင်းရင်းသားရုပ်ပုံပြပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များကို တစ်ဦးလျှင်တစ်အုပ်နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသစာအုပ်များကိုလည်း စာငှားသူတစ်ဦးလျှင်(၂)အုပ်နှုန်းဖြင့် (၇)ရက်ကြာအချိန်ပေး၍ စနစ်ကျ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)