စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

စမ်းချောင်း ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ် အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် (၉)နာရီက အခြေခံပညာကျောင်းများတွင် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများကို ဇွန်လ(၃)ရက် နေ့မှ (၁၇)ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့တွင် ကျောင်းသား/ကျောင်းသူ (၇၈၁)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (sinopharm) အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော အခြေခံပညာကျောင်းများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း