မိတ္ထီလာမြို့နယ်တွင်(၁၉) ကြိမ်မြောက် သံဃာအပါး ၁၅၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မိတ္ထီလာ  ဇွန်  ၁၄

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်အတွင်းရှိ ရတနာမာရ်အောင်စေတီတော်တွင် (၁၉) ကြိမ်မြောက်သံဃာအပါး ၁၅၀ အား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲကို ယမန့်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရတနာမာရ်အောင်စေတီတော် ဂေါပကအဖွဲ့မှကြီးမှူး၍ ရတနာမာရ်အောင်ရပ်ကွက်နေ ပြည်သူများနှင့် အခြားမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများမှ စုပေါင်း၍ (၁၉) ကြိမ်မြောက်အဖြစ် ရတနာမာရ်အောင် စေတီတော်တွင် မြို့ပေါ်ရှိ ရေလည်တောင်ကျောင်း၊ ရေလည်မြောက်ကျောင်း၊ ရွှေရံသာ၊ ရွှေပန်းကျောင်း၊ ဦးစောလှကျောင်း၊ မြို့ရှေ့တိုက်ကျောင်း၊ ကမ္ဘောဇကျောင်း၊ အောင်ချမ်းသာကျောင်း၊ ရွှေမြင်တင်ကျောင်း၊ အောင်မြေသာစည်၊ အောင်သိဒ္ဓိကျောင်း၊ ကျောင်းသစ်ကျောင်း၊ ဝေယံဘုံသာကျောင်းအပါအဝင် ကျောင်းပေါင်း ၃၅ ကျောင်းမှ သံဃာတော် ၁၅၀တို့အား ဆွမ်းဆန်နှင့် မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာစသည့် သံဃာတော် အသုံးဆောင်ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)