အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အကြို အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ် စာအုပ်စာ​စောင်ပြပွဲကျင်းပ

​ရွှေဘို ဇွန် ၁၄

စစ်ကိုင်တိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အကြို၊ အသိပညာ​ပေးဟော​ပြောပွဲ နံရံကပ်စာ​အုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား​ရေးမှူး​ ဒေါ်​အေးမြမွန်က အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာအုပ် စာ​စောင်ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို​ ပြောကြားခဲ့ပြီး ရဲအုပ်မင်းခိုင်က၊ မူးယစ်​ဆေးဝါးနှင့် ဥပ​ဒေများသမိုင်း​ကျောင်း၊ မူးယစ်​ဆေးဝါးအဓိက အုပ်စုကြီး(၃)ခုအ​ကြောင်း၊ မူးယစ်​​ဆေးအမျိုးအစား (၂)မျိုးရှိပြီး၊ အပြင်းစားမူးယစ်​ဆေးဝါး၊ အ​ပျော့စားမူးယစ်​ဆေးဝါးများ အကြောင်း၊ မူးယစ်​ဆေးဝါးသုံးစွဲမိသူ ခံစားရ​သော​ရောဂါလက္ခဏာများ၊ မူးယစ်​ဆေးဝါးလုံးဝပ​ပျောက်​ရေး၊ ပြည်သူအားလုံး ပူး​ပေါင်းပါဝင်​ ဆောင်ရွက်​ပေး​ရေး စသည်များ အကျယ်တဝင့်​ဆွေး​နွေး​​ပြောကြားခဲ့ပြီး လက်ကမ်းစာ​ဆောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်