ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

ရွှေတောင် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်( ၁၂)နှစ်မှ ( ၁၇) နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉:၀၀ နာရီက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ကျောင်းစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း