Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေကျင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေညာ
Dec 29,2025
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းမှစတင်၍ တတိယအကြိမ် ကပ်ထားကြေညာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲတက်ရောက်ကြည်ညို
Dec 29,2025
၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စုအတွင်းရှိ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျီးသဲလေးထပ်ကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရနှင့်သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူး ဦးအောင်ကျော်မင်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ဇာတ်သေး)မှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေ
Dec 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်တပ်စုမှ မိုင်းခတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီကစတင်၍ မြို့နယ်အားကစားကွင်း၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မိသားစုဝင်များ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ(၈)တွင် ပြည်သူများနှင့်အတူ ဆန္ဒမဲပေး
Dec 29,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား စနစ်တကျ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လ…
Dec 29,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယမန်နေ့နံနက် (၆)နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင် ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား
Dec 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ အမှတ်(၄၀၀)နေ ဦးဇင်မင်းနိုင် ပိုင်ဆိုင်သည့် ဆုမြတ်-၃ စားသောက်ဆိုင်တွင် ယမန်နေ့ညနေ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ကြည့်ရှု
Dec 29,2025
ပဲခူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Mr.Zheng Zhihongi ၊ သံမှူး Mr He Bin၊ တတိယအတွင်းဝန် Mr Wu Shuyu တို့ပါဝင်သော နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ပဲခူးမြို့သို့ ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိပြီး ပဲခူးမြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာရောက်လေ့လာစောင့်ကြည့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၌ အမှတ်(၃)လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Dec 29,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီးပေါ် ၌ ယမန်နေ့ည ၇ နာရီခန့်က YGN ------- ခဲရောင်ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1744
Page
1745
Page
1746
Page
1747
Current page
1748
Page
1749
Page
1750
Page
1751
Page
1752
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department