ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပြည်သူများ ဆန္ဒမဲပေး

ရွှေတောင် ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိသည်။

ရွှေတောင်မြို့နယ်အနေဖြင့် မဲရုံ (၆၅) ရုံ၌ ပြည်သူ့လွှတ်တော် (၇) ပါတီ၊ အမျိုးသားလွှတ်တော် (၇) ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ တိုင်းဒေသကြီးလွှတ်တော် (၈) ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော် (၅) ပါတီ၏ သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)