ကျောက်တံတား ဒီဇင်ဘာ ၂၈
ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးကမဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကို စတင်ခဲ့သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် (၉) ရပ်ကွက်ရှိ မဲရုံစုစုပေါင်း (၁၉) ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက် မဲရုံများတွင် မဲပေးနေလျက်ရှိကြောင်းကို သိရသည်။
မြို့နယ် (ပြန်/ဆက်)