ခေါင်လန်ဖူးမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးနေပြီဖြစ်

ခေါင်လန်ဖူး ဒီဇင်ဘာ ၂၈

ကချင်​ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ယနေ့ နံနက် (၆) နာရီချိန်မှစ၍ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ လာ​ရောက်ဆန္ဒမဲပေးခဲ့ကြသည်။

ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၂၄) အုပ်စုရှိပြီး မဲရုံ (၂၉) ရုံတွင် မဲဆန္ဒရှင် (၆၈၆၉) ဦးရှိကြောင်းနှင့် အဆိုပါရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)