Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့နယ်၌ ကရင်တိုင်းရင်းသားစာပေသင်(TA/LP)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကရင်တိုင်းရင်းသားစာပေသင် (TA/LP) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လဟယ်မြို့အတွင်းရှိ MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာမျာ…
May 17,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသပြု(ဗဟို)ဘုန်း တော်ကြီးကျောင်းသို့ရောက်ရှိရာ ဆရာတော်ကြီးထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
May 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြပြုဗဟိုဌာနတွင် ယမန်နေ့ ၁၆ ရက် နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ မုံရွာသောင်းမြင့်သိန်း၏ အနှစ်မပြယ် ချစ်စဖွယ်(၈၀)ကဗျာများ (အဂ်လိပ်/မြန်မာ)စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ စာပေ၊ ကဗျာဝါသနာ၊ စိတ်ပါ၀င်စားသူများ (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် အလယ်ကျွန်းဒေသတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွ…
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အလယ်ကျွန်းဒေသ (ပြင်ခရိုင်၊ ချောင်းဝ၊ ဒီးဒူးကုန်း၊သင်္ကန်းကုန်း )ဒေသတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးသန်းဦးက“အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးစပါးစိုက်ဒေသခံ တောင်သူလယ်သမားများအား မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးတက်ရရှိစေရန်အတွက် မိုးစပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို အရှိန်အဟုန်မြှင့်၌ ပူးပေါင်းဆောင်ရွက်
May 17,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်
May 17,2025
"ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက် မြို့မအခြေခံပညာမူလတန်းကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 17,2025
မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ် အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1742
Page
1743
Page
1744
Page
1745
Current page
1746
Page
1747
Page
1748
Page
1749
Page
1750
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department