အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား ယမန်နေ့နံနက် (၆:၀၀) နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ည (၉း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ဆန္ဒမဲစာရင်းများ ရေတွက် လျက်ရှိကြောင်း သိရသည်။
Dec 29,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းသည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
Dec 29,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲအပိုင်း (၁) အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်က ကယားပြည်နယ်အတွင်း လွိုင်ကော်နှင့်ဘောလခဲမြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံးက သက်ဆိုင်ရာမဲရုံများ၌ လာရောက်ဆန္ဒမဲပေးမှုကို  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။
Dec 29,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုပျော်ဘွယ်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမဲရလဒ်များထုတ်ပြန် ကြေညာခြင်းကို ဒီဇင်ဘာလ ၂၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင်ပြုလုပ်ခဲ့သည်။
Dec 29,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 29,2025
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့နယ်၊ နောင်ယားဖေး အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ (၆၀ x ၃၀) ပေ Rcc တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီက နောင်ယားဖေးကျေးရွာရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
Dec 29,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီကစတင်ပြီး မဲရုံများဖွင့်လှစ်၍ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲပေးခြင်းကို တည်ငြိမ်အေးချမ်းစွာ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Dec 29,2025
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။