အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နေ့လယ်ပိုင်းက အနိုင်းပွန်ကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ဇွန် ၁၄ ရက်က အ.မ.က (၁၃) ကျောင်းတွင် ကိုဗစ်-​၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဂျော်(၁)၊ (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြသူများမှမူးယစ်ဆေးဝါးအန္တရာယ်နှင့် မျောက်ကျောက်ရောဂါ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က နတ်မင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊    မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ ခေါင်းဆောင်မှုနဲ့ စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2022
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပန်လုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ (အထက)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိပါသည်။
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့သည်။