တန့်ယန်းမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

တန့်ယန်း ဇွန် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ကြပ်ကြီး အေးဇော်လတ်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် We Love Tangyan, Facebook Page မှ တဆင့်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)