ပန်လုံမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဟိုပန် ဇွန် ၁၄

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပန်လုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ (အထက)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာ စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ မြို့အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။ ကာကွယ်ဆေးမထိုးမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကူညီဆောင်ရွက်ပေးပြီး ဆေးထိုးပြီးစီးသည့် ကလေးများကို အားဖြည့်အချိုရည်နှင့် ချိုချဉ်များကို မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ တစ်ဦးချင်း ပေးအပ်ခဲ့သည်။

ယနေ့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ ကျား(၂၁၀)ဦး၊ မ(၂၀၁)ဦး၊ သာမဏေ(၄)ပါး၊ စုစုပေါင်း(၄၁၅)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပန်လုံ(ပြန်/ဆက်)