အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာခိုင်မင်း(နေပြည်တော်)ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jun 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စံပြကွက်၊ မျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်၊ မြသိန်းတန်ပရိယတ္တိကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)အတွင်းရှိ ရှင်သာမဏေ(၉၅)ပါးအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်စုရပ်နေရာ၌  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 14,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက တက္ကသိုလ်အားကစားခန်းမ၌ စတင်ကျင်းပသည်။
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့နံနက်ပိုင်းက မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Jun 14,2022
မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နတ်စမ်းစံပြကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၂ခုနှစ် ဇွန်လ ၁၄ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့သွေးလှူဒါန်းရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်တက်ရောက်ခဲ့ ကြောင်း သိရသည်။