Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အိမ်မဲမြို့နယ်ကျုံတုံးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ကျုံတုံးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး mobile စာငှားစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်ရှိ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၉:၀၀ နာရီအချိန်မှ ၁၁:၄၅ နာရီ အချိန်ထိ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm) ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းသား ၂၂၆ ဦး၊ကျောင်းသူ ၂၀၆ဦး၊ စုစုပေါင်း ၄၃၂ ဦး တို့အားထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၄၃၂ ဦး အတွက် ဆေးအလုံးရေ ၈၆.၄ လုံးအား ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ် မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 14,2022
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရပ်ကွက်/ ကျေးရွာအုပ်စု/ကျေးရွာများရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ အကျုံးဝင်သူများအား တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး ပြည်သူများအားလုံးထိုးနှံနိုင်စေရေးအတွက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိရာ ပထမဦးစားပေးအဖြင့် အသက်(၁၈)နှစ်အထက် ရဟန်းသံဃာတော်များ သာသနာ့ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ထိုးနှံပေးခဲ့ပြီး ယင်းနောက် မိဘပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးငယ်များအား စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၈၀)ဦးအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jun 14,2022
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာတာဝန်ရှိသူတို့မှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်မျ…
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့၌ ၂၀၂၂ခု နှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ပုံတူပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၊ အလက(ခွဲ)၊ အမက(၅)ရှိအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ) အမက (၅)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၅၅၆၆ ဦးရှိကြောင်း၊ ယနေ့အထိ ကျောင်းသားကျောင်သူ ၄၆၆၀ ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကျန်ကျောင်းများရှိ ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17465
Page
17466
Page
17467
Page
17468
Current page
17469
Page
17470
Page
17471
Page
17472
Page
17473
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department