တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊    မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ခေါင်းဆောင်မှုနဲ့ စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ    စာဖတ်ဝိုင်းတွင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်   တောင်သာမြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း   (Book Club) မှ ဦးဇော်မြင့်ဦးက တန်ဖိုးရှိတဲ့ဘဝဖတ်ရှုခဲ့ပြီး ဆွေးနွေးခြင်း၊ ဒေါ်အိဇာဖြူက စိတ်အလှကိုပြကြ ပြိုင်ကြပါ ဖတ်ရှုခဲ့ပြီး ဆွေးနွေးခြင်းနှင့် ဒေါ်ဝေမာက ဖြစ်ချင်တာနဲ့ဖြစ်သင့်တာဖတ်ရှုခဲ့ပြီး ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)