မင်းပြား ဇွန် ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးနှင့် ဒုတိယကျောင်းအုပ်၊ သင်တန်းနည်းပြဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်၊ လက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးဟောပြောခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ ဆီမီးလောင်မှုအားမီးသတ်ဆေးဗူးဖြင့်မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့်မီးငြိမ်းသတ်နည်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ Life Jacket ဝတ်ဆင်နည်း၊ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများကို သရုပ်ပြလေ့ကျင့်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်