နမ့်ခမ်းမြို့ရှိ (IDPs)တိုက်ပွဲရှောင်စခန်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မျောက်ကျောက်ရောဂါ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောရွက်

နမ့်ခမ်း ဇွန် ၁

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဂျော်(၁)၊ (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြသူများမှမူးယစ်ဆေးဝါးအန္တရာယ်နှင့် မျောက်ကျောက်ရောဂါ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စန်း (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများမှ မျောက်ကျောက်ရောဂါကူးစက်ခံရမှုမရှိစေရန် မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကလေးသူငယ်ဆိုင်ရာဥပဒေများ ရှင်းလင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုင်းညီမောင်ဘဦးက မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့်ဖြစ်ပေါ်သည့် မူးယစ်းဆေးဝါးနှင့်သက်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာအန္တရာယ်များ၊ ဖြစ်ပေါ်သည့် လူမှုရေးဆိုင်ရာအခက်အခဲများနှင့် စသည့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

လက်ဆက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးစာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများကို (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)