အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2022
 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အ.ထ.က ငါ့သရောက်၊ အ.ထ.က (ခွဲ) ကုလားတဲ၊ အ.ထ.က.(ခွဲ)ဆည်၊ အ.လ.က(ခွဲ) မြောက် ကုန်းနှင့် အ.မက. (မူလွန်) ကျောင်းတို့တွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jun 15,2022
အလုပ်သမားဝန်ကြီးဌာန၊ ကယားပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံးမှကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သွားသော အာမခံအလုပ်သမားများအား
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်ဘောလုံးဆပ်ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကော်မတီတို့ ပူးပေါင်း၍  နတ်မောက်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံနှင့် ရပ်ကွက်/ကျေးရွာများမှ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအတွက်လူရွေးချယ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ဗိုလ်တေဇ အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်သပြေဘိုဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား ကိုယ်ခန္တာကျန်းမာသန်စွမ်း စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
Jun 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။
Jun 15,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆားမလောက်ကျေးရွာ၊ ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၅၃/၂)ရှိ တောင်သူ ဦးကျော်ဇော်လင်းနှင့် တောင်သူ(၆)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။