Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Jun 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 15,2022
ရမည်းသင်းခရိုင် အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပျော်ဘွယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာရရှိစေရန်အတွက် ဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာဒေသထွက် နာနတ်သီးများ ဈေးကောင်းရရှိ
Jun 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာနှင့် ကျုံပကိုရွာသစ်ကျေးရွာတွင် နာနတ်သီးများ အများအပြား စိုက်ပျိုး၍ ပုံမှန်ရောင်းဝယ်ကာ ဈေးကောင်းရရှိ၍ နာနတ်သီးစိုက်ပျိုး သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတွင် ဓမ္မစကူးလ်သင်တန်း ရက်ပေါင်း(၄ဝ) ဖွင့်လှစ်ပို့ချမည်
Jun 15,2022
မိတ္ထီလာမြို့၊ မြို့မရပ်ကွက်ရှိ မြို့ရှေ့တိုက် အောင်သိဒ္ဓိကျောင်းတိုက်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်ပို့ချမည့် ဓမ္မစကူးလ်သင်တန်းအား ရက်ပေါင်း (၄ဝ)ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသောကျောင်းသူကျောင်းသားအနေဖြင့် မည်သူမဆိုဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Jun 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် စတိုးဆိုင်များတွင် စျေးရောင်းချသူ မုန့်ဆိုင်များအား အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေး အသိပညာပေး
Jun 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ ဇောတိကမုန့်စျေးဆိုင်တွင် စျေးရောင်းချသူများအား ပြည်သူများ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် အမှတ် (၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်
Jun 15,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အမှတ်(၈) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်…
Jun 15,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17447
Page
17448
Page
17449
Page
17450
Current page
17451
Page
17452
Page
17453
Page
17454
Page
17455
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department