ငါ့သရောက်မြို့၌ အခြေခံကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံ

ငါ့သရောက်  ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အ.ထ.က ငါ့သရောက်၊ အ.ထ.က (ခွဲ) ကုလားတဲ၊ အ.ထ.က.(ခွဲ)ဆည်၊ အ.လ.က(ခွဲ) မြောက် ကုန်းနှင့် အ.မက. (မူလွန်) ကျောင်းတို့တွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရာတွင်(အ.ထ.က)ငါ့သရောက်တွင် အသက် (၅)နှစ်မှ (၁၂) အတွင်း ကျောင်းသား၊ ကျောင်းသူ (၄၇)ဦးနှင့် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၉၁)ဦး၊ (အ.ထ.က.ခွဲ) ကုလားတဲတွင် အသက်(၅) မှ အသက် (၁၂) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၉၀)နှင့် အသက် (၁၂)အထက် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး၊ အ.မ.က(မူလွန်) တောပြားတွင်အသက် (၅)နှစ် မှ အသက် (၁၂)အတွင်း ကျောင်းသား၊ ကျောင်းသူ (၅၃)ဦးနှင့်အသက်(၁၂)အထက် (၉)ဦး၊အ.ထ.က(ခွဲ) ဆည်တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အတွင်း (၃၀)ဦးနှင့် အ.လ.က(ခွဲ) မြောက်ကုန်းတွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး စုစုပေါင်း (၃၇၅) ဦးအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 ထိုသို့ အခြေခံကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်းဝင်းနှင့် ငါ့သရောက်မြို့ ရဲတပ်ဖွဲ့မှ မြို့စခန်းမှူး ဦးအေးကျော်တို့မှ လိုက်လံကြည့်ရှုပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)