နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်ဘောလုံးဆပ်ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကော်မတီတို့ ပူးပေါင်း၍ နတ်မောက်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံနှင့် ရပ်ကွက်/ကျေးရွာများမှ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအတွက်လူရွေးချယ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ဗိုလ်တေဇ အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အာ/ကာမှူးက လူငယ်လူရွယ်များ အားကစားကို စိတ်ဝင်စားလာစေပြီး ဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားသမားများ ရွေးချယ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ မကွေးခရိုင် အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြို့နယ်(၆) မြို့နယ် ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယဉ်ပြိုင်မည့် နတ်မောက်မြို့နယ် ကိုယ်စားပြု အခြေခံပညာကျောင်းပေါင်းစုံနှင့် ရပ်ကွက်/ကျေးရွာများမှ အသက် (၁၆) နှစ် အောက် အမျိုးသား ဘောလုံးသမား (၅၁) ဦးတို့အား ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးဖမ်းမည့်သူများအား သက်ဆိုင်ရာဘောလုံးဆပ်ကော်မတီများက ရွေးချယ်ပြီး ဘောလုံးကွင်းအတွင်း အဖွဲ့ခွဲ၍ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်းသိရသည်။
လှဝင်း