ပန်းတနော် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်သပြေဘိုဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား ကိုယ်ခန္တာကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများအား အားကစားနှင့် ကာယပညာဦးစီးဌာနက ရေဒီယို၊ ရုပ်မြင် သံကြားတို့ကနေ ထုတ်လွှင့်နေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာ၊ လမ်းမှန်မှန် လျှောက်တာ၊ အသက်ရှူလေ့ကျင့်ခန်းပြု လုပ်ပေးတာ၊ ကြွက်သားတွေ၊ အရိုးအဆစ်တွေ နှိပ်နယ်ပေးတာ စတာတွေကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္တာကျန်းမာသန်စွမ်းစေမည်ဖြစ်ပြီး သက်ကြီး ရွယ်အိုများတွင် ဖြစ်တတ်သော ပုခုံးနာ၊ ပုခုံးခဲ ဝေဒနာများ၊ ဒူးနာ၊ ခါးနာ ဝေဒနာများ သက်သာပျောက်ကင်းစေရန် ပြုလုပ်ရမည့် ကိုယ်ကာယလေ့ကျင့်ခန်းများအား လက်တွေ့ သရုပ်ပြသ ခြင်းများနှင့် Physical Fitness Dance သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးတာဖြစ်ကြောင်း အားကစားနည်းစနစ်မှူး ဒေါ်သိမ့်သိမ့်နွေးထံမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)