ညောင်တုန်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆားမလောက်ကျေးရွာ၊ ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၅၃/၂)ရှိ တောင်သူ ဦးကျော်ဇော်လင်းနှင့် တောင်သူ(၆)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း အကျိုးကျေးဇူးများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ၊ မိုးစပါးသီးနှံ အတွက်နှုန်းနှင့် အရည်အသွေးတိုးတက်မြင့်မားရေး နည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို တက်ရောက်လာကြသည့် တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး လယ်မြေ (၁)ဧကလျှင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ၁၁.၅ တန်ခန့် ထည့်သွင်း နိုင်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)