လှည်းကူး ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များစဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီးရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝင်းလွင်ဦး၊ ဦးခင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွဋ်နိုင်၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတင်ဝင်းတို့က ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးလွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ စိုက်ပျိုးသွားမည့် ပျိုးပင်များကို ပေးအပ်ခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဝင်းလွင်ဦး၊ ဦးခင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွဋ်နိုင်၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟောဂနီ၊ ပျဉ်းမ၊ မဲဇလီ၊ စိန်ပန်းနှင့် မန်ဂျန်ရှားပင် စုစုပေါင်းပျိုးပင်(၅၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)