အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်သပြေဘိုဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား ကိုယ်ခန္တာကျန်းမာသန်စွမ်း စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
Jun 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။
Jun 15,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆားမလောက်ကျေးရွာ၊ ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၅၃/၂)ရှိ တောင်သူ ဦးကျော်ဇော်လင်းနှင့် တောင်သူ(၆)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2022
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော် တို့သည် ယမန်နေ့က ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖို​ကျေးရွာအုပ်စု၊ စမ်းချောင်းစဉ့်အိုးဖို ကျေးရွာရှိ မင်္ဂလာအောင်တော်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွား​ရောက်၍ ကျောင်းထိုင်ဆရာတော် ဥူးပညာဇောတအား ဖူးမျှော်ကြည်ညိုကြပြီး ဆွမ်းဆန်တော်၊ ဗလာ စာအုပ်၊ Mask နှင့် လက်သန့် ဆေးရည်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး​နောက် လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ကျောင်းတိုက်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။
Jun 15,2022
ပန်းတနော်မြို့ စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ်ပုံမှန်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်- ပုသိမ် ကားလမ်းမကြီးဘေး မြို့အဝင်၌ အလှပန်းပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲအခမ်းအနားကိုအဆိုပါ​ ကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။