ငပု​တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ စာသင်​ကျောင်းများအား ကွင်းဆင်းကြည့်ရှု

ငပု​တော ဇွန် ၁၅

ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင် (၁)  ဗိုလ်မှူး ဖြိုးသူရကျော် တို့သည် ယမန်နေ့က ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖို​ကျေးရွာအုပ်စု၊ စမ်းချောင်းစဉ့်အိုးဖို ကျေးရွာရှိ  မင်္ဂလာအောင်တော်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွား​ရောက်၍ ကျောင်းထိုင်ဆရာတော် ဥူးပညာဇောတအား ဖူးမျှော်ကြည်ညိုကြပြီး ဆွမ်းဆန်တော်၊ ဗလာ စာအုပ်၊ Mask နှင့် လက်သန့် ဆေးရည်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး​နောက် လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး  ကျောင်းတိုက်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် စမ်း​ချောင်းစဉ့်အိုးဖို ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့ သွား​ရောက်ပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ​ရေး၊  ​သန့်ရှင်းသာယာလှပရေး၊ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံ​ပေးနိုင်​ရေးအတွက်  တာဝန်ရှိသူများအား မှာကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ 

ထို့နောက် ငရံချောင်း​ကျေးရွာအုပ်စု၊ ကဒက်ချောင်းရွာ အ​​ခြေခံပညာမူလတန်း​ကျောင်း၊ ဂုံညှင်း တန်း​ကျေးရွာအုပ်စု၊ လေးလောင်းရွာ အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား​နေမှုများကို  ကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး​နောက် သရက်​​တော​ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ ယာယီကျောင်းဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုပြီး ကျောင်းရှိဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကျောင်း၏ လိုအပ်ချက်များကို မှာကြားခဲ့သည်။ အဆိုပါ ယာယီကျောင်းဆောင်​ ဆောက်လုပ်ရခြင်းမှာ ကျောင်းသားအင်အားနှင့် ကျောင်းဆောင်အ​နေအထား မလုံလောက်သည့်အတွက် ဆောက်လုပ် ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)