ပန်းတနော် ဇွန် ၁၅
ပန်းတနော်မြို့ စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ်ပုံမှန်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်- ပုသိမ် ကားလမ်းမကြီးဘေး မြို့အဝင်၌ အလှပန်းပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပသော မြို့ဖြစ်လာစေရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့် ဝန်ထမ်းများက မြို့အဝင် ဆိုင်းဘုတ်နှင့် ရန်ကုန်-ပုသိမ်ကားလမ်း မကြီးဘေးတစ်လျှောက်တို့တွင် အလှပန်းပင်များ စိုက်ပျိုးခြင်း၊ ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းဘေးတစ်လျှောက် စွန့်ပစ် ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်းနှင့် မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)