မိုင်းနောင် ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲအခမ်းအနားကိုအဆိုပါ ကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီအမှုဆောင် အဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို အစီအစဉ်(၇)ရပ်ဖြင့် ပြုလုပ်ကာ ကျောင်းကောင်စီ အသင်းဝင်များက မြို့တွင်းသို့ဘင်ခရာတပ်ဖွဲ့ဖြင့် လှည့်လည်ချီတက်ခြင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ အသင်းအလံပေးအပ်ခြင်း၊ ကတိသစ္စာခံယူခြင်း၊ ကျောင်းကောင်စီသီချင်းသီဆိုခြင်း အခမ်းအနားရုပ်သိမ်းခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကို ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ(၁၄)ဦးနှင့် သူငယ်တန်းမှ ဧကာဒသမတန်းအထိ အသင်းခေါင်းဆောင်များ(၆၀)ဦးဖြင့် ပါဝင်ဖွဲ့စည်းကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)