အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ယမန်နေ့နံနက် ၁၀နာရီ အချိန်မှစ၍ လူငယ်များနှင့်အများပြည်သူလေ့လာသိရှိနိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးအကြောင်းအရာများနှင့်ပတ်သက်၍ ကပ်ထားကြေညာပြီး အသိပညာပေးပြသထားရှိကြောင်း သိရသည်။
Jun 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာလူထု အခြေပြုဗဟိုဌာန (Community Center) တွင် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ဆွေးနွေးခဲ့သည်။
Jun 15,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲ အချိန်မှစတင်၍ နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
Jun 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ‌ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန်   ယနေ့နံနက်ပိုင်းက  ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 15,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ် အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက် လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အခြေခံပညာမူလတန်းကျောင်း စုရပ်များသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။