Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၈၀)ဦးအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jun 14,2022
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာတာဝန်ရှိသူတို့မှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်မျ…
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့၌ ၂၀၂၂ခု နှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ပုံတူပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၊ အလက(ခွဲ)၊ အမက(၅)ရှိအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ) အမက (၅)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၅၅၆၆ ဦးရှိကြောင်း၊ ယနေ့အထိ ကျောင်းသားကျောင်သူ ၄၆၆၀ ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကျန်ကျောင်းများရှိ ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာခိုင်မင်း (နေပြည်တော်) ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်
Jun 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာခိုင်မင်း(နေပြည်တော်)ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၁၇၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့တွင် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်း ပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ
Jun 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စံပြကွက်၊ မျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရှင်သာမဏေ(၉၅)ပါးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့
Jun 14,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်၊ မြသိန်းတန်ပရိယတ္တိကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)အတွင်းရှိ ရှင်သာမဏေ(၉၅)ပါးအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်စုရပ်နေရာ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Jun 14,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက တက္ကသိုလ်အားကစားခန်းမ၌ စတင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17408
Page
17409
Page
17410
Page
17411
Current page
17412
Page
17413
Page
17414
Page
17415
Page
17416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department