တာချီလိတ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းထိမ်းသိမ်းရေးသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပ

တာချီလိတ် ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးသိကောင်းစရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက တာချီလိတ်  (အထက)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ဧလိဇဘက်က စွန့်ပစ်ပစ္စည်းများနှင့် ညစ်ညမ်းမှုများ အကြောင်းသိကောင်းစရာများ၊ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အပေါ်အကျိုး သက်ရောက်မှုများ၊ စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်သော ကျန်းမာရေး ပြသာနာများ၊ လိုက်နာဆောင်ရွက်ရန်နည်းလမ်းများကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးပြီး ဒုတိယလက်ထောက်ဦးစီးမှူးက ပြန်လည်မေးမြန်းခြင်းကို ဖြေကြားပေးနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့်ဘောပင်များ ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယာဆေး ( ပြန်/ဆက် )